နတ်တလင်းမြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၂၂၇)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။