နတ်တလင်းမြို့၌ ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကျင်းပမည်

နတ်တလင်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များ အပူဇော်ခံပွဲကို သကျမဟာမြတ်မုနိ ဘုရားကြီး သာသနာ့ဗိမ္မာန်တော်ကြီးတွင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အပူဇော်ခံပွဲကို တန်ဆောင်မုန်းလဆန်း ၁၂ရက်နေ့မှ လပြည့်ကျော် ၁ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးပွဲတော်သို့ လာရောက်ကျသောပြည်သူများအား စျေးရောင်းပွဲတော်၊ ကလေး၊လူကြီးပျော်စရာကစားနည်းများနှင့်အတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)