ကဝမြို့နယ်၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ကဝ အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၈ နံနက် (၁၀) နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး မင်းမင်းထွန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) မဲပေးစက်ဖြင့် မဲပေးပုံအဆင့်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)