ပြည် အောက်တိုဘာ ၂၈
ဥပဒေရေးရာဝန်ကြီးဌာန သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်မှ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအား ပြည်မြို့၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ သာယာဝတီခရိုင်၊ နတ္တလင်းခရိုင်၊ ပြည်ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိ ၄၅ ဦးတက်ရောက်သည်။
ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေရေးရာဝန်ကြီးဌာန သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်မှာကြားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်ကို သိရှိလိုက်နာကြရန်၊ ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်မှ တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားလုပ်ဆောင်ကြစေလိုကြောင်း၊ ဥပဒေအရာရှိများ အကျင့်သိက္ခာပြည့်စုံပြီး အများပြည်သူလေးစားအားကိုးရသူများဖြစ်စေရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဟောပြောပွဲများကို အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်သည် သက်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီနှင့်ပေါင်းစပ်၍ ဒေသအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူရသည့်အခန်းကဏ္ဍမှ တာဝန်ကိုကျေပွန်စွာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းဆိုင်ရာမှာကြားချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)