ဒိုက်ဦးမြို့နယ် တောင်စလဲမြောင်ကျေးရွာအတွက်  Mytel ဆက်သွယ်ရေးမိသားစုမှ   Solar  လမ်းမီးတိုင်များ တပ်ဆင်လှူဒါန်း

ဒိုက်ဦး  အောက်တိုဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒို က်ဦးမြို့နယ်  တောင်စလဲမြောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်   ယမန်နေ့နေ့လယ်ပိုင်းက    Mytel ဆက်သွယ်ရေးမိသားစုမှ   Solar  လမ်းမီးတိုင် တပ်ဆင်လှူဒါန်းခြင်းအခမ်းအနားကို  ကျင်းပကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီနှင့် အုပ်ချုပ်ရေးကော်မတီအတွင်း ရေးမှူးခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး  ဇော်ထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်  Mytel  East Bago  Branch Director Mr. Lai Tien Thanh တို့က  အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်းသိရသည်။

ဆက်လက်၍   Mytel ဆက်သွယ်ရေးမိသားစုမှ   တောင်စလဲမြောင် ကျေးရွာအတွက် Solar လမ်းမီးတိုင် လှူဒါန်းပေးအပ်ခြင်းနှင့်ပတ်သက်၍ Mytel EBGမှBusiness Manager ဦးအောင် ဘုန်းမြတ်က ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ  Mytel  ဆက်သွယ်ရေးမိသားစုများက  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကူးခဲ့ကြောင်း သိရသည်။

ထို့နောက်  တောင်စလဲမြောင်ကျေးရွာအတွက် Solarလမ်းမီးတိုင်(၂၇)တိုင် စုစုပေါင်းကာလတန်ဖိုး (၇၅)သိန်းလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်