နတ်တလင်း အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၂၂၇)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်များမှ အချိန်စေ့ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသော တောင်သူများအား ဆောင်းသီးနှံတစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကြို့ပင်သာ ကျေးရွာအုပ်စုရှိ တောင်သူ(၉၅)ဦး၏ လယ်ဧက ၄၈၃ ဧကအတွက် ကျပ် ၄၈၃ သိန်း၊ချောင်းခွ ကျေးရွာအုပ်စုရှိ တောင်သူ(၆၄)ဦး၏ လယ်ဧက ၃၅၈ ဧကအတွက် ကျပ် ၃၅၈ သိန်း၊ပွဲသာကျေးရွာအုပ်စုရှိ တောင်သူ(၆၈)ဦး၏ လယ်ဧက ၄၄၇ဧက အတွက် ၄၄၇သိန်း၊ စုစုပေါင်း ၁၂၈၈ ဧကအတွက် ကျပ် ၁၂၈၈ သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)