စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည် အောက်တိုဘာ ၂၈

ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်သည်။

ဦးစွာ  စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်က သင်တန်းနှင့်ပတ်သက်၍ Virtual စနစ်ဖြင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ်ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များအား သင်တန်းပို့ချပေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက စပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းကိုဦးတည်သော စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းသုတေသန၏ စစ်တမ်းမေးခွန်းလွှာဖြည့်စွက်နည်းအား ဆွေးနွေးပို့ချသည်။

သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ္တလင်းခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း ၉၀ တက်ရောက်ပြီး ဒေသအတွင်းသီးနှံများပန်းတိုင်အထွက်နှုန်းရရှိကာ စာရေရိက္ခာဖူလုံရေးနှင့် တောင်သူများဝင်ငွေတိုးပြီး လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)