ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်၊ ကွာရီအနောက်ကျေးရွာနေပြည်သူများအား မီးခိုးမြူ​ငွေ့လျှော့ချရေး အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများသိရှိစေရေးအတွက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လိပ်သေကျေးရွာအုပ်စု၊ ကွာရီအနောက်ကျေးရွာဓမ္မာရုံတွင်  မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြော​ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများအတွင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်း လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက်  စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မနက်(၁၀)နာရီအချိန်က အ-ထ-က(သနပ်ပင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊‌ ရွှေကျင်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ အထကတပ်နယ်ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူကုန်ကူးမှုအသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်ရေးတပ်ဖွဲ့စု (ပဲခူး)၊ တပ်ဖွဲ့စိတ် (၂) တောင်ငူမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (တောင်ငူ)၌ လူကုန်ကူးမှုအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်သည်။

ညောင်လေးပင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက မူလွန်ကြားတောရကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက အ.မ.က(မူလွန်) ရေကျော်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးစာရေးသားနည်းသင်တန်း ၂/၂၀၂၅ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊​ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးနှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများ မြန်ဆန်အောင်မြင်လာစေရန် အတွက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းဆင့်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအေခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး