ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်

ပြည် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော မိုးစပါး၊ ဝါ စိုက်ပျိုးသည့် တောင်သူများသို့ မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ စိုက်ပျိုးရေးစခန်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပိုင်စိုးက သက်တန့်ရောင်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက မိုးစပါး၊ ဝါ စိုက်ပျိုးသော တောင်သူများအား ဝါမျိုးစေ့ RAK666 (BT)နှင့် သွင်းအားစုများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက် )