ရွှေတောင် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းလမ်းကွင်းအမှတ် (၄၂၀ c) ကြာနီကန်ကွင်း တောင်သူ ဦးကျော်ကျော်၏ ရတနာတိုးစပါးအား ပျိုးဗန်းဖြင့် (၅) ဧကစာ ပျိုးထောင်နေမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ဒေါင်းဇွန်ကျေးရွာ အမှတ် (၄၂၀) ဒေါင်းဇွန်ကွင်းရှိ တောင်သူ ဒေါ်သောင်းရီ၏ ပေါ်ဆန်း-ပေါ်ဆန်း ၁ စပါးမျိုးအား ပျိုးဗန်းဖြင့် (၅) ဧကစာ ပျိုးထောင်နေမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ အမှတ် (၄၂၀) ဒေါင်းဇွန်ကွင်းရှိ တောင်သူ ဦးသောင်းဌေး၏ လယ်မြေ (၁) ဧကတွင် ရတနာတိုးစပါးစိုက်ပျိုးနေမှုအခြေအနေများ၊ မီးလောင်ကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာ ကွင်းအမှတ် (၄၈၈) ဥဒိန်ကွင်း တောင်သူ ဦးအောင်တင်ဝင်း၏ လယ်မြေ (၂) ဧကတွင် ရတနာတိုးစပါးစိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၈၂) ဖားအိုင့်ကွင်း တောင်သူ ဦးအောင်မြိုင်၏ လယ်မြေ (၂) ဧကတွင် ရတနာတိုးစပါးစိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၈၂) ဖားအိုင့်ကွင်း တောင်သူ ဦးသန်းဆွေ၏ နှမ်းသီနှံ ဆင်းရတနာ-၃ စိုက်ပျိုးထားမှုအခြေအနေများ၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၈၅ B) မြသီတာကွင်း တောင်သူ ဒေါ်ခင်မာဝင်း၏ ယာမြေ (၂) ဧကတွင် ပဲစဉ်းငုံနှင့် ပဲပုတ် စိုက်ပျိုးနိုင်ရေးထွန်စက်ဖြင့် ထွန်းယက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)