လက်ပံတန်းမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကျင်းပ

လက်ပံတန်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ဥပဒေရုံးမှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လက်ပံတန်း (GTI)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးစန်းဌေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို ဇွန် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ၅ ရက်တာ ကာလအတွင်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေ နည်းဥပဒေ၊ လောင်းကစားဥပဒေနည်းဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီး၊  ရာဇဝတ်ကျင့်ထုံး ဥပဒေဘာသာရပ်များကို မြို့နယ်ဥပဒေအရာရှိ ဒေါ်ဆုပွင့်ဖြူမိုးက ပို့ချရာ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ ၅၃ အုပ်စုမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသူများကို ခရိုင်ဥပဒေအရာရှိ ဦးစန်းဌေးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)