ပေါက်ခေါင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဟောပြော

ပေါက်ခေါင်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရပ်သစ်ကျေးရွာအုပ်စု တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလင်းအေး၊ မြို့နယ်သမဦးစီးမှူး ဒေါ်ယဥ်ယဥ်စန်း၊ မြေစာရင်းဦးစီးအရာရှိ ဦးဇော်ဇော်၊ ဆည်မြောင်းဦစီးမှူး ဦးဌေးဝင်း၊ စက်မှုလယ်ယာဦးစီမှူး ဦးလှထွန်းတို့က စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး အသိပညာပေးဟောပြောခဲ့ကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလင်းအေးက အမှတ် (၃) ရပ်ကွက်၊ နည်းပညာပြန့်ပွားရေးစင်တာ၌ သဘာဝမြေဩဇာပြုလုပ်နည်းကို လက်တွေ့သရုပ်ပြခဲ့ရာ တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)