ပေါက်ခေါင်းမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပေါက်ခေါင်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဝန်ကြီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အမှာစကားပြောကြားခဲ့ပြီး ပြည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်တို့က သင်တန်းသူများအတွက် လုပ်ငန်းသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးရရှိသောပစ္စည်းများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)