ငပုဝောာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များ စာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များက ယမန်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။