မြန်အောင်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

မြန်အောင် နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းများကို ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာထားရှိမှုများကို မြန်အောင်ခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည်ပါ၀င်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှုရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)