ငပုဝောာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များ စာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များက ယမန်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်တိကျစေရေးတို့အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများတွင် ၂၁ ရက် ကြာကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးပြင်ဆင်ဆောင်ရွက်၍ ဒုတိယအကြိမ်အဖြစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ၊ အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းလာရောက် ကြည့်ရှုကြသူမဲဆန္ဒရှင်များနှင့် တွေ့ဆုံပြီးမဲစာရင်းတွင် အမည်စာရင်းပါဝင်မှု ရှိ/မရှိနှင့် အကယ်၍မပါဝင်ပါက ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)