ကျောင်းကုန်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ဒုတိယအကြိမ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက်ပိုင်းက (ဒုတိယ)အကြိမ်အဖြစ် ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲစာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးမဲစာရင်း ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်းဖြည့်စွက်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ လျှောက်ထားကြရမည်ဖြစ်ပြီး(တတိယ)အကြိမ် ကပ်ထားကြေညာ ခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)