ရွှေသောင်ယံမြို့တွင် ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေငြာခြင်းကို ရွှေသောင်ယံမြို့ ရပ်ကွက်/ကျေးရွာ များရှိ သတ်မှတ်ထားသောနေရာများတွင် တာဝန်ရှိသူများမှ ကပ်ထားကြေညာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။