ကြံခင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန် မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမ၌ ပြုလုပ်သည်။