သာယာဝတီ န်ိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေသရုပ်ပြမဲပေးခြင်းကိုနိုဝင်ဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးတတ်စေရန် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ရာ ပင်စင်ထုတ်ယူရန်လာရောက်သည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများက သိရှိလိုသည်များကိုမေးမြန်းပြီး မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်