မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး (၁၀၀) အား အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး (၁၀၀) အား အခမဲ့ဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။