ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ (၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။