မန္တလေးတိုင်းဒေသကြီး

 မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြိုနယ် ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ဂျုံ အစရှိသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားကြသည့် ကြက်သွန်စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် ယနေ့နံနက် (၆) နာရီအချိန်မှစ၍ မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် အမရပူခရိုင်၊ အမရပူရမြို့နယ်အတွင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေးတို့အတွက် ယနေ့နံနက် ၉ အချိန်က မြို့နယ်မီးသတ်ဦးစီမှူး ဦးအောင်မျိုးထက်ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ သန္ဓေအရန်အင်အား(၁၅)ဦးတို့ဖြင့် ဘုံးအိုးကျေးရွာတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနတွင် ပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄) “မဲခေါင်း-လန်ချန်း ယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ” ပန်းချီအနုပညာ ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) အစီအစဉ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကဆောင်ရွက်သည့် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် (၂၀၂၄)မြန်မာနိုင်ငံ ”ပန်းချီ  အနုပညာပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ပုဂံမြို့ရှိ  ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ကျင်းပခဲ့သည်။

‌စဉ့်ကိုင်မြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

သာစည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးကြိုကာလများ၌ ဖြစ်တတ်သည့်လေပြင်းဘေးကို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် ထိခိုက်မှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ မီးကိုစနစ်တကျသုံးစွဲရေး၊ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး