အမရပူရ ဖေဖော်ဝါရီ ၂၆
ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် အမရပူခရိုင်၊ အမရပူရမြို့နယ်အတွင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေးတို့အတွက် ယနေ့နံနက် ၉ အချိန်က မြို့နယ်မီးသတ်ဦးစီမှူး ဦးအောင်မျိုးထက်ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ သန္ဓေအရန်အင်အား(၁၅)ဦးတို့ဖြင့် ဘုံးအိုးကျေးရွာတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မီးသုံးစွဲမှုများအနေနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/မီးကပ်/ရေ/သဲနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေးမှာကြားပြီး မီးသတိပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း အမရပူရ မီးသတ်ဦးစီးဌာနမှသိရသည်။
စိုးသီဟ(အမရ)