မဟာအောင်မြေ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် KG to Grade-4 ကျောင်းသား/ကျောင်းသူစာရင်းရှိ ၁၉၂၈၁ဦး ဖြေဆို ၁၉၂၅၄ ဦး ပျက်ကွက် ၂၇ ဦးသည် ၂၅-၂-၂၀၂၅ ရက်နေ့က ဖြေဆိုခဲ့ပြီး အလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား/ကျောင်းသူ စာရင်းရှိ ၄၆၀၀ ဦး ဖြေဆို ၅၄၉၀ ဦး ပျက်ကွက် ၁၀ဦးသည် သိပ္ပံဘာသာရပ်နှင့် အထက်တန်းအဆင့် Grade-10 မှ Grade-12 ကျောင်းသား၊ ကျောင်းသူစာရင်း ၃၇၀၄ ဦး ဖြေဆို ၃၆၈၆ ဦး ပျက်ကွက် ၁၈ ဦးတို့က Stam 1.2 ၊Steam 1.2 အား သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ဘာသာရပ်အသီးသီးအလိုက် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းနှင့် ကျန်ရှိသော Grade–5နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများက မတ်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာ စာဖြေဌာနတို့၌ အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇော်မင်း