ငါန်းဇွန် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာဖြေခန်း (၁၁) ခန်း ပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်း ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်နေရာအား ပြင်ဆင်ထားရှိမှု၊ ရေသိုလှောင်ကန်များနှင့် အိမ်သာများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသန့်ရှင်းရေးအတွက် ကျောင်းအုပ်ဆရာ ကြီးအား လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ သူများမှာ ငါန်းဇွန်မြို့အ.ထ.က စာစစ်ဌာန၌ (၂၉၈) ဦး ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)