စဉ့်ကိုင် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးသီဟက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး Understanding PM 2.5 အသိပညာပေး Video Clip အားပြသခဲ့သည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံကအမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများက တက်ရောက်လာသော ရွာသူ/သားများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဟောပြောပွဲသို့ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးသီဟနှင့် ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများ၊ ကျွန်းဦးကျေးရွာသူ/သားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)