မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာရေးဆရာ ဒေါက်တာဇော်ရေးသားသော ဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း စာအုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ရှိန်က ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းစာအုပ် ထုတ်ဝေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလင်းပြောကြားခဲ့သည်။ ၎င်းနာက် စာရေးဆရာ ဒေါက်တာဇော်က ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်းစာအုပ်ရေးသားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ၎င်းစာအုပ်နှင့်ပတ်သက်၍ စာရေးဆရာများ၊ စာပေဝါသနာရှင်များက မိမိတို့၏ အမြင်များကို အသီးသီးဆွေးနွေးခဲ့သည်။ ယင်းနောက် စာရေးဆရာဒေါက်တာဇော်က စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသူများ ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်းစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်ဇေယျ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့်အဖွဲ့ဝင်များ၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)