မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်ရှောင်ရောက်ရှိသူများအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့်မွန်းလွဲ(၂)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ကွင်းဆင်းရောဂါ ရှာဖွေဆေးကုသပေးခြင်းလုပ်ငန်း ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၅ ) ရက်နေ့ နံနက်(၈) နာရီမှ စတင်ပြီး  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁) မိုးကြိုးရှိ ဇေယျာသီရိခန်းမ၌  ကျေးလက်နေပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုများ  နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia  နှင့် အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး  ယုဇနဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ပေါ်ဦးပေါ်ဖျားထန်းလျက်များ ဈေးကောင်းရရှိခြင်းကြောင့် ထန်းတက်ရာသီအစမှာပင် ထန်းတောင်သူများ တွက်ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ထန်းတောင်သူများ ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေး တွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ညောင်ဦးမြို့နယ် ပိုင်ထန်းတဲပိုင်ရှင် ဦးစံမောင်က ပြောကြား၍ သိရသည်။

မြစ်သားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက်  ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌနှင့် မဟာအောင်မြေခရိုင်မှ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို  မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သမိုင်းဝင်ရွှေကျီးမြင်မြတ်စွာဘုရား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးမြို့၊ သမိုင်းဝင်ရွှေကျီးမြင်မြတ်စွာဘုရား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါ ရွှေကျီးမြင်မြတ်စွာဘုရား၊ ရွှေကျီးသာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား မီးကိုပေါ့ဆစွာအသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး ရည်ရွယ်ချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး