မြစ်သားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက်  ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက်  ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်(၅)ကွက်နှင့်ကျေးရွာအုပ်စု(၁၈) အုပ်စုအတွင်းမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူ (၃၁၉) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်  ၆၃၈၀၀၀၀/-ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက်ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၃)ဦးရွှေအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ် စွန့်ခွာနေထိုင်သူများ စုစုပေါင်းအင်အား (၃၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)