မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး တင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယခရိုင် ဥပဒေအရာရှိ ဦးကောင်းဆက်ပိုင်က “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြင်းခြံမြို့ အမှတ် (၉၅) ယာဉ်ထိန်းတပ်ဖွဲ့စု ရဲအုပ် ဇော်ဝင်းထွန်းက “ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြင်းခြံခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဌာနစိတ်မှ ဒုတိယရဲမှူးနေလင်းက “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။     

ကျော်စွာ(မြင်းခြံ)