ကျောက်ဆည်မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်ရှောင်ရောက်ရှိသူများအား ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့်မွန်းလွဲ(၂)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ထောက်ပံ့‌ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူ အိမ်ထောင်စု (၃၃၅)စုမှ လူဦးရေ(၁၂၀၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ငွေ(၂၄၀၆၀၀၀၀)ကျပ်အား မြို့နယ်ထောက်ပံ့ရေးအဖွဲ့များထံသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များမှကတဆင့် ရပ်ကွက်/ကျေးရွာ ထောက်ပံ့ငွေပေးအပ်ရေး အဖွဲ့များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နေရပ်စွန့်ခွာစာရင်းပြုစုရေးအဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေထိုင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)