မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၉)ရွာတွင် နွေသီးနှံ နွေနှမ်း (၁၃၉၇) ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး နွေပဲသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းတွင် နွေနှမ်း(၁၃၉၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသည့် လေးတပ်ဗိုလ်ဘုရားစေတီအား ရှင်းလင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ 78 ရန်-မန်းလမ်းရှိ (၂၈.၃.၂၀၂၅ )ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော လေးတပ်ဗိုလ်ဘုရားစေတီအား ယမန်နေ့ နံနက် (၈)နာရီအချိန်က ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လတ်တလောစားသောက်ရေး အဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) တစ်လစာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း မိုးလုံလေလုံခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် လတ်တလောစားသောက်ရေးအဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) တစ်လစာအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ(၂၈)နေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းမိုးလုံလေလုံခန်း၌ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိ သူများ၊ သေဆုံးသူများ၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်၊ ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးခြင်း၊  အဆောက်အအုံများအတွင်း ပိတ်မိ၍ထိခိုက် သေဆုံးခဲ့သူများစွာရှိခဲ့ပြီး ပျံလွန်တော်မူသွားခဲ့ကြသောဆရာတော်၊ သံဃာတော်၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် သေဆုံးကွယ်လွန်သွားကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်လပြည့်အနေဖြင့် အမျှအတမ်းပေးဝေခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်းအစရှိသောလှူဖွယ်ပစ္စည်းများနှင့်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိတ္တသုခကျောင်း စိတ္တသုခဗိမာန်တော်တွင် ကျင်းပခဲ့သည်။

ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး၊ အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းရှိ ယာယီစခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို သွားရောက်တွေ့ဆုံပြီး အားပေးစကားများပြောကြား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊  တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ၂၈ ရက်နေ့က ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကိုသွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် အနီးကပ်ပြန်လည် သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် သာသနိကအဆောက်အဦနှင့် စေတီပုထိုးများမှအုတ်များ ဖယ်ရှားရှင်းလင်းနေမှုကို လာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ တောင်မင်းကြီးဘုရား၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း သာသနိကအဆောက်အဦနှင့် စေတီပုထိုးများမှ အုတ်များ ဖယ်ရှားရှင်းလင်းနေမှုကို ယနေ့ နံနက်ပိုင်းက တပ်မတော်ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် သေဆုံးသွားသောသူများအတွက် ထပ်ဆင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဧပြီလ (၂၈) ရက် (၉) နာရီတွင် ၇၅လမ်း၊ ၂၇*၂၈လမ်းကြားရှိ ဆုတောင်းရစေတီတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြား

မတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် လေ့ကျင့်သင်ကြားပေးမှုများကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာကျောင်း၊ ဇမ္ဗူထိပ်ရတနာကျောင်းဆောင်တွင် ဧပြီလ (၂၈) ရက်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး