ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြား

ချမ်းအေးသာစံ ဧပြီ ၂၈

မတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် လေ့ကျင့်သင်ကြားပေးမှုများကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာကျောင်း၊ ဇမ္ဗူထိပ်ရတနာကျောင်းဆောင်တွင် ဧပြီလ (၂၈) ရက်နေ့က ဆောင်ရွက်ခဲ့သည်။

စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို (၁၆.၆.၂၀၂၅) မှ (၂၁.၆.၂၀၂၅)အထိ ပြန်လည်ဖြေဆိုရမည်​ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါလေ့ကျင့်သင်ကြားမှုကို ကျောင်းအုပ်ဆရာကြီး​ ဒေါက်တာသန်းထိုက်စိုးမှ ဦးဆောင်ကာ ဆရာ/ ဆရာမ (၁၅) ဦးခန့် ဘာသာရပ်များအလိုက် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်