အမရပူရ ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ တောင်မင်းကြီးဘုရား၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း သာသနိကအဆောက်အဦနှင့် စေတီပုထိုးများမှ အုတ်များ ဖယ်ရှားရှင်းလင်းနေမှုကို ယနေ့ နံနက်ပိုင်းက တပ်မတော်ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်မင်းကြီးဘုရား၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော မဟာဂန္ဓာရုံကျောင်းပျက်မှ အုတ်များအား တပ်နယ်(မန္တလေး)မှ ဒုတိယဗိုလ်မှူးကြီး သိန်းထွန်းဦး ဦးစီးသော တပ်မတော်သား(၆၀)ဦးနှင့် တောင်မင်းကြီးမြတ်စွာဘုရားမှ ညီနောင်စေတီအား တပ်နယ်(မန္တလေး)မှ ဒုတိယဗိုလ်မှူးကြီး ဇော်စိုင်း ဦးစီးသော တပ်မတော်သား (၁၁၉)ဦးတိူ့မှ ရှင်းလင်းဆောင်ရွက်နေမူအခြေအနေများ ကြည့်ရှုခဲ့သည်။
အဆိုပါ လာရောက်ကြည့်ရှုမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မူး ကျော်တေဇ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး စိုးဝင်းသန်းနှင့် မြို့နယ်ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဇင်မာနွဲ့တို့မှ ကြိုဆိုခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)