ကျောက်ဆည် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး နွေပဲသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းတွင် နွေနှမ်း(၁၃၉၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း (၁၄)အုပ်စုရှိပြီး နွေနှမ်းသီးနှံ များကို ပြည်တော်သာကျေးရွာအုပ်စုတွင် (၁၅၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၁၀၉)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင် (၁၂၅)ဧက၊ ကုလားချောင်းကျေးရွာအုပ်စုတွင် (၂၁၇)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် (၃၉၃)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် (၉)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၂၁၂)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင် (၁၅၁)ဧက၊ ရဲဘော်ကြီးကျေးရွာ အုပ်စုတွင်(၂၃)ဧက စုစုပေါင်း(၁၃၉၇)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် (၂၉၀၀၀)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ် ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)