ပြည်ကြီးတံခွန်မြို့နယ် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသည့် လေးတပ်ဗိုလ်ဘုရားစေတီအား ရှင်းလင်းဆောင်ရွက်

ပြည်ကြီးတံခွန် ဧပြီ ၂၉  

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ 78 ရန်-မန်းလမ်းရှိ (၂၈.၃.၂၀၂၅ )ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော လေးတပ်ဗိုလ်ဘုရားစေတီအား ယမန်နေ့ နံနက် (၈)နာရီအချိန်က ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၈၀) ဦးဖြင့် ယင်းလေးတပ်ဗိုလ်ဘုရားစေတီအား ရှင်းလင်းဆောင်လျက်ရှိကြောင်း သိရသည်။

ခင်စောလွင် (ပြန်/ဆက်)