မန္တလေးတိုင်းဒေသကြီး

ချမ်အေးသာစံမြို့နယ်၊ ပရိယတ္တိသာသနာဟိတအသင်းအတွင်း လလည်ဆွမ်းကပ် ပရိတ်တရားပွဲ ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅ လမ်း၊ ၃၄*၃၅လမ်းကြားရှိ ပရိယတ္တိသာသနာ ဟိတအသင်းတွင် သာသနာပိုင်တောင်ခွင်မင်းကြီးတိုက် ရှမ်းပွဲဇေတဝန်ကျောင်းအတွင်းရှိ (ဖေးကူလက်များ) လူမှူကူညီရေးအသင်း၏ နာယကဆရာတော်ဘန္ဒန္တအာဒိစ္စဝံသ ဦးဆောင်၍ လလည်ဆွမ်းကပ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့တွင် (၄၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍ (၁၁)ရက်တိုင်တိုင် (၄၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကျင်းပခဲ့ရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 ကျောက်ဆည်မြို့အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်ယူသည့်ဈေးအား လိုက်လံစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဘိလပ်မြေအရောင်းဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်ယူသည့်ဈေး သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးနှမ်းသီးနှံများ သတ်မှတ်လျာထားသည့်အထွက်နှုန်းများရရှိစေရေး မိုးနှမ်းသီးနှံစိုက်ပျိုးမည့်တောင်သူမျာနှင့် တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရေးမိုးနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းကာ ဆန်၊ ဆီ၊ အသားငါး စားသောက်ကုန်များ သက်သာသောနှုန်းထား‌ဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး‌ နေ့စဥ်ဈေးရောင်းကား ၂ စီးဖြင့် (၆)မြို့နယ် လှည့်လည်ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂လမ်း ၃၉×၄၀ လမ်းကြားတွင် ရောင်းချပေးလျက်ရှိရာ ဆန် ၁ ပြည် ၄၀၀၀ ကျပ်၊ဆီ ၁ ပိဿာ ၈၅၀၀ ကျပ်၊ ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအကြမ်းမှုန့် ၁၀ ကျပ်သား ၁၅၀၀ ကျပ်၊ ကုလားပဲ ၂၅ ကျပ်သား ၁၈၀၀ ကျပ်၊ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်၊ ဆိတ် ၁ ပိဿာ ၂၈၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံကြက်ဥ ၁ လုံး ၄၀၀ ကျပ်နှင့်ဘဲဥ ၁ လုံး၅၅၀ ကျပ်တို့ဖြင့် ပြည်သူလူထု အလွယ်တကူဝယ်ယူနိုင်စေရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများတတ်မြောက်ပြီး မိသားစုအပိုဝင်ငွေမှစီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ဧပြီ (၂၈) ရက်နံနက် (၉)နာရီက လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ ဆည်တမံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည်ဆည်မြောင်းဦးစီးဌာန၊ စက်မှုအင်ဂျင်နီယာချုပ်ဦး ဝင်းထွဋ်တို့သည် ဧပြီ ၂၈ နံနက် ၈ နာရီခွဲအချိန်က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ရမည်းသင်းမြို့နယ်အတွင်း ဆည်၊ တမံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာဖြေဆိုနိုင်ရေး ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင် အုပ်ချုပ်သူများအား အခြေခံပညာကျောင်းများ၌တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  RRT team အဖွဲ့တို့မှ ငလျင်ဘေးသင့် ပြည်သူများအား လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်နှင့် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RRT team အဖွဲ့တို့မှ ဧပြီ ၂၆ ရက်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင်နှင့်အဖွဲ့သည် မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင် လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမူရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအဆိုပါကျောင်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး