မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့်ကျောင်းသား/သူများအားစခန်းသွင်း လေ့ကျင့်သင်ကြား

မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများအားစခန်းသွင်း လေ့ကျင့် သင်ကြားခြင်းကို ဧပြီလ ၂၈ ရက်နေ့မှစ၍စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 ကျောက်ဆည်မြို့၌ Col. Suthawut Naksri ဦးဆောင်သော ထိုင်းနိုင်ငံဆေးကုရေးအဖွဲ့သည် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင်  ထိုင်းတော်ဝင်လေတပ်မှ Col. Suthawut Naksriဦးဆောင်သော ဆေးကုသရေးအဖွဲ့သည်  ယမန်နေ့နံနက်ပိုင်းက ဆူးကုန်းရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက်တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်သင်ကြား

မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည် ဖြစ်သဖြင့်ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမှုများကို ဧပြီလ(၂၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းပေါ်ရှိ စက်ပစ်တောင်တံတား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း  ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်   မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းပေါ်ရှိ စက်ပစ်တောင်တံတား ပြန်လည်ပြုပြင်တည်ဆောက်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူပေါင်း၍ စာရေးဆရာတိုက်ကြည်(စဉ့်ကိုင်) ရေးသားသည့် " သမိုင်းဂုဏ်ဟိတ်မြို့ပလိပ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ​အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း၌ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက်(၇)နာရီ အချိန်က အဆိုပါကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉:၃၀)နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ရာ နေအိမ်အမိုးလန်မှုများဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ယမန်နေ့ ညနေက လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ရာ ကျေးရွာအုပ်စုနှစ်စုမှ လူနေအိမ်ငါးလုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၉)ရွာတွင် နွေသီးနှံ နွေနှမ်း (၁၃၉၇) ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး နွေပဲသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းတွင် နွေနှမ်း(၁၃၉၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး