မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းပေါ်ရှိ စက်ပစ်တောင်တံတား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း  ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်   မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းပေါ်ရှိ စက်ပစ်တောင်တံတား ပြန်လည်ပြုပြင်တည်ဆောက်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေ စေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းပေါ်ရှိ စက်ပစ်တောင်တံတားအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၃၇.၆၅ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ   တံတားအရှည် ပေ ၄၀ ၊ အကျယ် ၁၂  ရှိ တံတားအား     တံတားယက်မအောက်တွင်သံကူကွန်ကရစ် Bearing Beamများဆောင်ရွက်ခြင်းနှင့် မူလ Beam များအား Diaphragm ဆောင်ရွက်ခြင်းနှင့် တံတားကြမ်းခင်းနှင့် တံတားလက်ရန်းပြုပြင်ခြင်း လုပ်ငန်းများကို မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါ တံတားပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)