ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်သင်ကြား

ချမ်းအေးသာစံ ဧပြီ ၂၉

မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည် ဖြစ်သဖြင့်ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမှုများကို ဧပြီလ(၂၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ ငလျင်ဒဏ်ကကြာင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင် စာမေးပွဲကို (၁၆.၆.၂၀၂၅)မှ (၂၁.၆.၂၀၂၅) အထိ ပြန်လည်ဖြေဆိုရမည်​ဖြစ်ပြီး ကျောင်းသူကျောင်းသားများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းသားများကိုလေ့ကျင့်သင်ကြားပေးရာ အ.ထ.က(၁၅)မှ (၁) ဦး၊ အ.ထ.က(၅)မှ (၂၂)ဦး၊ အ.ထ.က(၁၂)မှ (၁၀)ဦး၊ အ.ထ.က(၁၄)မှ (၁၅)ဦး၊ အ.ထ.က(၁၆)မှ (၈၀)ဦး၊ အ.ထ.က(ခွဲ) (၂၇)မှ (၁၆)ဦး၊ CAE ကိုယ်ပိုင်ကျောင်းမှ (၃၁၉)ဦး၊ MPL ကိုယ်ပိုင်ကျောင်းမှ(၁၄၁)ဦး၊ ဆုကိုယ်ပိုင်ကျောင်းမှ (၂၀၀)ဦး၊ မျိုးညွန့်ကိုယ်ပိုင်ကျောင်းမှ(၁၇၀)ဦး၊ ELC ကိုယ်ပိုင်ကျောင်းမှ (၉၉)ဦး၊ ပင်မကိုယ်ပိုင်ကျောင်းမှ(၇)ဦး၊ AEP ကိုယ်ပိုင်ကျောင်းမှ (၁၄)ဦး၊ FUTUREကိုယ်ပိုင် ကျောင်းမှ (၁၀)ဦး၊ ထွဋ်ခေါင်မြန်မာ၂ ကိုယ်ပိုင်ကျောင်းမှ (၂၀)ဦး၊ UNITYကိုယ်ပိုင် ကျောင်းမှ(၂၇)ဦး၊ KBTC ကိုယ်ပိုင်ကျောင်းမှ (၁၆)ဦး စုစုပေါင်း(၁၁၆၇)ဦးကို လေ့ကျင့်သင်ကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား (၁၅၃၅)ဦး ဖြေဆိုခဲ့သည်။

ဇွန်လ (၁၆) ရက်နေ့မှ ၂၁ ရက်နေ့အထိပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ စိတ်အေးချမ်စွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အခြေခံပညာဦးစီးဌာနတို့က ကျောင်းသား/ ကျောင်းသူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)