(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း ဧပြီ ၂၉

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉:၃၀)နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ပွားသည့်နေရာအား မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက်နိုင်စေရေး ပြည်သူများမှ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားတတ်သည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ မီးလောင်လျှင် ချက်ချင်း ဆောင်ရွက်ရမည့် အချက်များ၊ မီးဖိုမီးအသုံးပြုခြင်းနှင့် ဘုရားမီးပူဇော်ရာတွင် လိုက်နာသင့်သည့် အချက်များ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်နာရမည့် အချက်များ ပါရှိပြီး၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့လယ်ဘူတာလမ်းဆုံနှင့် မြို့မစည်ပင်သာယာဈေးဝန်းကျင်တို့တွင် လက်ကမ်းစာစောင်စောင်ရေ (၃၀၀)ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)