သာစည် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ယမန်နေ့ ညနေက လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ရာ ကျေးရွာအုပ်စုနှစ်စုမှ လူနေအိမ်ငါးလုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဟံဇားကျေးရွာမှ ဦးမောင်ညို၏ ၄ပင် ၃ပင် သွပ်မိုးထရံကာ တစ်ထပ်မှ ၁၂ပေ သွပ် ၃၂ ချပ်၊ ဦးကျော်ကျော်၏ ၄ပင်၃ပင် သွပ်မိုး ထရံကာ တစ်ထပ်မှ ၁၂ ပေသွပ် ၃၂ ချပ်၊ဒေါ်ကြည်မြင့်၏ ၄ပင် ၃ပင် သွပ်မိုးထရံကာတစ်ထပ်မှ ၁၂ ပေသွပ် ၃၂ ချပ်၊ ရွာမွန်သာကျေးရွာ ကျေးရွာမှ ဦးစိုးမြင့်၏ ၄ပင်ပတ်လည် သွပ်မိုးနှစ်ထပ် တိုက်မှ ၁၂ ပေသွပ် ၄၀ ချပ်၊ဦးသိန်းထိုက်၏ ၄ပင်၃ပင် သွပ်မိုးထရံကာတစ်ထပ်မှ ၁၂ ပေသွပ် ၃၂ ချပ်တို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ စုစုပေါင်း ခန့်မှန်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၆၈၀၀၀၀ ဖြစ်ကြောင်းနှင့် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)