မြစ်သားမြို့နယ် ​အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြစ်သား ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း၌ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က အဆိုပါကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံးမှဝန်ထမ်းများမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ဝန်ထမ်းများက အခြေခံပညာ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ မြတ်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်အမှိုက်သိမ်းယာဥ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု​ဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး)ဦးစိုးအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမြတ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀၀)ဦးတို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ဝင်းမင်းထွန်း(ပြန်/ဆက်)