မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးနေမှုနှင့် ငလျင်ဒဏ်သင့်နေရာများမှ ထိခိုက်ဒဏ်ရာရရှိသူများကို ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေမှုများကို ဧပြီလ(၃၀)ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။