ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့)ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက (အခမဲ့) ဆောင်ရွက်ခဲ့သည်။