ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေလ (၁) ရက်နေ့ နံနက် (၉) နာရီက မြို့နယ် မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ပြီး၊ မွန်းလွဲ (၂) နာရီတွင် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။