ချမ်းမြသာစည် မေ ၁
(၂၈-၃-၂၀၂၅)ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများအား ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်(၂)ဦးတင်ထွန်းတို့က လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ တက်ရောက်လာကြသူများအား ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီးနောက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်(၂)ဦးတင်ထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် လူမှုကူညီရေးအသင်း(၁၅)သင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊ ပရဟိတ (Volunteer) အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့