မန္တလေးငလျင်ကြီး၏ ငလျင်ဘေးဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် အသင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည်   မေ ၁

(၂၈-၃-၂၀၂၅)ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဖြစ်စဥ်တွင် စွမ်းစွမ်းတမံပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများအား ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က  ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်(၂) ဦးတင်ထွန်းတို့က လူမှုကူညီရေးအသင်းများနှင့်ပရဟိတအဖွဲ့များမှ တက်ရောက်လာကြသူများအား ဂုဏ်ပြုစကားများပြောကြားခဲ့ပြီးနောက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဦးထင်ဇော်ဦး၊ အဖွဲ့ဝင်(၂)ဦးတင်ထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းနှင့် လူမှုကူညီရေးအသင်း(၁၅)သင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊  ပရဟိတ(Volunteer)အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ချမ်းမြေ့