မန္တလေးငလျင်ကြောင့်ပျက်စီးသွားသော စာသင်ကျောင်းများအား ရှင်းလင်းနေမှုကို တာဝန်ရှိသူများ လာရောက်ကြည့်ရှု

အမရပူရ မေ ၁

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်နှင့်ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် () (၂) အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းတို့တွင် မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ဆောင်များနှင့် အုတ်တံတိုင်းများမှ အုတ်ကျိုးများ ရှင်းလင်းသည့်နေရာသို့  ယမန်နေ့နံနက် ၁၀ နာရီအချိန်က တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်  လာရောက်ကြည့်ရှုခဲ့သည်။

အ.ထ.က()နှင့် အ.ထ.က(၂)ကျောင်းများအတွင်းရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးပြိုကျနေသော ကျောင်းအဆောက်အဦးနှင့် အုတ်တံတိုင်းများအား အမရပူရမြို့စည်ပင်နှင့်တပ်နယ်(မန္တလေး)မှ ဒုတိယဗိုလ်မှူးကြီးဇော်စိုင်းဦးစီး၍ စုစုပေါင်း (၁၁)ဦးမှ ရှင်းလင်းဆောင်ရွက်နေမူနှင့်​ မဟာဂန္ဓာရုံကျောင်းဝင်းအတွင်းကျန်ရှိနေသော ​ပြိုကျပျက်စီးနေသည့် အဆောက်အဦးများကို လိုက်လံကြည့်ရှုခဲ့သည်။

အဆိုပါလာရောက်ကြည့်ရှုမှုကို အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီးဒေါ်မွှေးမွှေးအုန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲမှူး ဒုရဲမှူးတင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းနှင့်  အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်တေဇတို့မှ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)