မြန်မာ့လက်မှုအနုပညာလက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်း အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်ငန်းများပုံမှန်လုပ်ကိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်သမများ အဆင်ပြေစေရန် ယွန်းလုပ်ငန်း လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များထံက သိရသည်။